Tuesday, August 28, 2012

ကချင်ပြည်နယ်စစ်ဘေးသင့်ဒေသရှိကလေးငယ်များ

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်မျးကွန်ရက်

စည်းလုံးခြင်းသည်အင်အား

စေတနာရှင်လူငယ်များ ရန်ကုန်အခြေစိုက်ပရဟိတကွန်ရက်နှင့်လက်တွဲခဲ့တာ နှစ်ကြိမ်မြောက်ဖြစ်သည်။ ပထမဆုံးအကြိမ်က အေးရွာလေးကျောင်းဆောင်ဆောက်လုပ်ရေးအတွက် မြန်မာပုံပြောသူအဖွဲ့မှ ကိုသန့်ဇင်ကောင်းမှုနဲ့တစ်ကြိမ်ပါဝင်နိုင်ခဲ့ပြီးတော့ အခုအကြိမ်ကတော့ ကချင်နဲ့ရခိုင် ပညာရေးရန်ပုံငွေပွဲဆိုပြီးတော့ ကိုသားငယ်တို့၊ ကိုသန့်စင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ပူပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက်အနေနဲ့သူတို့လုပ်ခဲ့တာကတော့ ဟို ၂၀၁၁ခုနှစ် ပခုက္ကရေးဘေးသင့်တဲ့အချိန်ကတည်းကစတင်လုပ်ဆောင်ခဲ့ပြီးတော့ ကြားထဲမှာ ရခိုင်ပြည်နယ်တွင်းပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ရန်ကုန်မြို့တွင်း လှည့်လည်ဂစ်တာတီးပြီးတော့ အလှူခံလို့ရတဲ့ငွေနဲ့ သူတို့ဆောင်ရွက်ခဲ့ကြတယ်။ အခုအကြိမ်ကတော့ ရန်ကုန်အခြေစိုက်အနေနဲ့ ၄ကြိမ်မြောက်ဖြစ်သလို့ စေတနာရှင်လူငယ်များအနေနဲ့လည်း ၄ကြိမ်မြောက်ခရီးကို အောင်မြင်အောင် စုစုစည်းစည်းနဲ့ စည်ကားသိုက်မြိုက်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လူငယ်တွေရဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုးလုပ်နိုင်တာဟာ(စေတနာရှင်အဖွဲ့မှာရော၊ ရန်ကုန်အခြေစိုက်မှာရော)စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အောင်မြင်မှုတစ်ခုပါဘဲ။ ကျွန်တော်တို့ ရှေ့ဆက်ပြီးလုပ်စရာတွေအများရှိပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင်း လိုအပ်နေတဲ့နေရာတွေများစွာရှိနေသည်။ ခင်းဗျားတစ်ယောက်တည်းလည်းမလုပ်နိုင်၊ ကျွန်တော်တစ်ယောက်တည်းလည်းမလုပ်နိုင်ပါဘူး။ ခင်ဗျားတစ်ဖွဲ့တည်းလည်းမလုပ်နိုင်ဘူး၊ ကျွန်တော်တို့တစ်ဖွဲ့တည်းလည်းမလုပ်နိုင်ဘူး။ ဒါဆိုရှင်းနေတာပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို ကိုယ်တာဝန်ယူပြီးလုပ်ကြမယ်၊ ကိုယ်တစ်ယောက်တည်းမလုပ်နိုင်တာကို ကျွန်တော်တို့ အတူပေါင်းံပြီးတော့လုပ်ကြမယ်။ တော်ဝင်စင်တာမှာ အဖွဲ့တွေ၊အဖွဲ့တွေက ကိုယ့်တာဝန်ကို အသီးသီးတာဝန်ယူပြီးတော့ လုပ်ခဲ့ကြတာတွေကိုကြည့်ပြီးတော့ အရမ်းကို အားတက်မိတာရှိပါတယ်။ အများစုက လူငယ်၊လူကြီးအမျိုးသမီးတွေ(မိန်းကလေး)တွေပါ။ လူငယ်ယောကျာင်္းလေးတွေလည်း အတော်များများ ပါတယ်။ (လိင်ခွဲပြီးတော့ပြောတာမဟုတ်ပါဘူး)။ ကျွန်တော်တို့မှာ အင်အားတွေရှိပါတယ်။ အားအင်တွေလည်းရှိပါတယ်။ ရန်ကုန်အခြေစိုက်ပရဟိတလူငယ်တွေကနေပြီးတော့၊ မြန်မာပြည်တွင်းက မြို့အသီးသီးက လူငယ်အဖွဲ့တွေအားလုံးပေါင်းပြီးတော့လုပ်နိုင်ကြပြီဆိုရင်တော့ ကျွန်ုတို့နိုင်ငံရဲ့ ခရောင်းလမ်းတွေကိုလည်းပြင်နိုင်မယ်၊ ပေါင်းမြက်တွေကိုလည်းရှင်းနိုင်မယ်၊ အစုသေးသေးလေးဟာ လှိုင်းကြက်ခွပ်လေးတစ်ခုဖြစ်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ အစုအဖွဲ့အကြီးကြီးဟာ သမုဒ္ဓရာရဲ့ လှိုင်းအကြီးကြီးတွေဖြစ်ပါတယ်၊ လှိုင်းကြီးပြီဆိုရင်တော့ အခက်အခဲတွေကို တဒင်္ဂချေမုန်းပစ်နိုင်တဲ့ အင်အားတွေ၊အားအင်တွေဖြစ်လာမှာအသေချာပါဘဲ။ ကျွန်တော်တို ပေါင်းစည်းကြပါစို၊ လက်တွဲကြပါစို့၊ ညီညွတ်ကြပါစို့ ..........စည်းလုံးခြင်းသည်အင်အားတစ်ခုပါ။

စေတနာရှင်လူငယ်များ(ရန်ကုန်) ၏ ၄ကြိမ်မြောက်အလှူမှတ်တမ်း

သြဂုတ်25ရက် စနေနေ့က တော်ဝင်စင်တာ၊ ပထမထပ် ပရိုမိုးရှင်းဧရိယာမှာပြုလုပ်ခဲ့သည့် ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များ ၏နိဗ္ဗာန်ဈေးပွဲတော်တွင် လူငယ်အဖွဲ့ ၁၇ဖွဲ့ပါဝင်ပြီး စေတနာရှင်လူငယ်များလည်းပူးပေါင်းပါဝင်ခဲ့ကြသည်။ အဆိုပါပွဲမှာ မော်လမြိုင်၊ဘားအံမှာရှိတဲ့စေတနာရှင်လူငယ်တွေလည်း လာရောက်ပြီး အားဖြည့်ပေးခဲ့ကြသည်။ စေတနာရှင်လူငယ်များ၏ လာမယ့် ၅ကြိမ်မြောက်အလှူကိုလည်း ပုံမှန်အတိုင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ရန်ပုံငွေပွဲတော်တွင် စေတနာရှင်လူငယ်များက ရွှေခြည်မုန့် များကို စေတနာဖြင့်ကျွေးမွေးခဲ့ပြီး ရန်ပုံငွေအတွက် ဟမ်းဖုန်းအိတ်လှလှကလေးများ၊ အရုပ်လှလှလေးများကိုရောင်းချပြီးရန်ပုံငွေရှာဖွေခဲ့ကြသည်။ ရန်ပုံငွေအလှူခံပုံးထဲတွင် အလှူငွေ တစ်သိန်းကျော်ရရှိခဲ့သည်။ စေတနာရှင်လူငယ်များ၏ ၄ကြိမ်မြောက်အလှူကို ကချင်နှင့်ရခိုင်ရှိ ကလေးငယ်များပညာရေးရန်ပုံငွေအတွက် ရည်ရွယ်ပြီးတော့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Tuesday, August 7, 2012

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ဒုတိယအကြိမ် အစည်းအဝေး

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ပြည်လမ်း လှည်းတန်းရှိ ဂေဟဟိတ(Green Garden)တွင်အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ပြည်လမ်း လှည်းတန်းရှိ ဂေဟဟိတ(Green Garden)တွင်အသေးစိတ်ဆွေးနွေး

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ဒုတိယအကြိမ် အစည်းအဝေး

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ပြည်လမ်း လှည်းတန်းရှိ ဂေဟဟိတ(Green Garden)

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ ဒုတိယအကြိမ် အစည်းအဝေး

ရန်ကုန်အခြေစိုက် ပ

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်စေတနာရှင်လူငယ်များ

မာဃသာသနာပြုကျောင်းမှ ကလေးငယ်များ

စေတနာရှင်လူငယ်များ ဇူလိုင် ၂၉ရက် ရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ်

ဒုတိယအကြိမ်မြောက်စေတနာရှင်လူငယ်များ၏ အလှူစာရင်းရှင်းတမ်း

ဒုတိယအကြိမ်မြောက်စေတနာရှင်လူငယ်များ၏ အလှူစာရင်းရှင်းတမ်းဖြစ်ပါတယ်။ ညောင်တုန်းမြို့နယ်၊ အေးရွာလေးကျေးရွာ၊ အောင်ပန်းမြိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အလှူစာရင်းရှင်တမ်းကို ဒီမှာ Download ပါ

တတိယအကြိမ်မြောက် အလှူရှင်းတမ်း

စေတနာရှင်လူငယ်များ(ရန်ကုန်) ၏ တတိယ အကြိမ်မြောက်အလှူ စာရင်းရှင်းတမ်းဖြစ်ပါတယ်
မြောက်ဥက္ကလာပမြို့နယ်၊ မာဃသာသနာပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
သန္တာ ၁၅လမ်း ကို ဇူလိုင် ၂၉ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြသည်။
အလှူငွေထည့်သင်ခဲ့ကြသည် စေတနာရှင်လူငယ်များ စာရွက်ဖြင့် မရရှိကြပါက
ဒီနေရာမှာ Download ပါ

Wednesday, August 1, 2012

ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များ ပထမအကြိမ်အစည်းဝေး

ရန်ကုန်အခြေစိုက်ပရဟိတ လူငယ်များအဖွဲ့ ဟာ ကချင်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်ကလေးသူငယ်များ၏ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်ကို သြဂုတ် ၂၅ရက်တော်ဝင်စင်တာတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ပထမအကြိမ်အစည်းဝေးကို စာရေးဆရာများရည်ညွန်းစင်တာ(WRC)တွင်ပြုလုပ်ခဲ့ကြသည်။

မာဃသာသနာပြု ဘကကျောင်းမှ ကလေးငယ်လေးများ

Tuesday, July 31, 2012

တတိယအကြိမ်စေတနာရှင်လူငယ်များ(ရန်ကုန်) ၏အလှူမှတ်တမ်း

စေတနာရှင်လူငယ်များ၏ တတိယအကြိမ်မြောက် အလှူကို ဇူလိုင်လ ၂၉ရက် တနင်္ဂနွေနေ့မွန်းလွဲ ၁၂နာရီက ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သန္တာ(၁၅) လမ်း၊ (င)ရပ်ကွက်မှာရှိတဲ့ မာဃသာသနာပြုကျောင်းရှိ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးမှာ ပြုလုပ်ခဲ့ရာ စေတနာရှင်လူငယ်၅၀ကျော် ပါဝင်ခဲ့ ကြပါတယ်။ ထိုကျောင်းလေးဧ။် လိုအပ်ချက်ဖြစ်သော ဆရာ/ဆရာမများဧ။်လစာ၊ စာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊လွယ်အိတ်များ၊ ဆေးသေတ္တာ၊ အားကစားပစ္စည်းနှင့် ကျောင်းသုံး အိမ်သာပြန်လည်ပြုပြင်ရန်အတွက် စုစုပေါင်း အလှူငွေ ခုနှစ်သိန်းကျော်ဖိုး လှူဒါန်းမှု ပြုခဲ့ကြပါတယ်။ အလှူအခမ်းအနားမစတင်မီ စေတနာရှင်လူငယ်များက ကလေးငယ်များနှင့်အတူပျော်ရွင်ဖွယ်ရာအစီအစဉ်များကို ပြုလုပ်ခဲ့ကြပြီး ကော်ဖီအေးနှင့်မုန့်ကျွေးခဲ့ကြသည်။

Friday, July 20, 2012

ဘားအံစေတနာရှင်လူငယ်များ

ဘားအံစေတနာရှင်လူငယ်များ လည်းပညာရေးအတွက်တတ်နိုင်သမျှဆောင်ရွက်လျှက်ရှိသည်။ သီချင်းဆိုအရမ်းကောင်းတဲ့ ဘားအံက စေတနာရှင်လူငယ်တွေနဲ့အတူ မော်လမြိုင်စေတနာရှင်လူင ယ်တွေလည်းပါဝင်ခဲ့ကြသည်။ ရန်ကုန်စေတနာရှင်လူငယ်တွေလည်း အတူပါဝင်ချင်ပါသည်။ တစ်နေ့နေ့တော့ အတူတူ ဆုံနိုင်မည်ထင်သည်။ မိသားစုကမ္ဘာ ဆိုတာ ဘားအံက ကိုကျော်နိုင်၏ အိပ်မက်ပင်ဖြစ်သည်။ သူတို့က ပွင့်ပွင့်လင်းလင်းရှိကြသည်။ ဘားအံက စေတနာရှင်လူငယ်တွေကို ဦးဆောင်နေကြတာက အမျိုးသမီးလူငယ်တွေပိုများသည်။ ပိုပြီးအားတက်သရောလုပ်ကိုင်နေကြသည်။ သူတို့ကိုယ်တိုင် ပရိဘောဂပစ္စည်းတွေ ကို ပြုလုပ်ပြီးထောက်ပံ့ကြသည်။ စေတနာရှင်လူငယ် မိန်းကလေးတွေက ညဘက်ညဥ့်နက်သန်းခေါင်စာသင်ခုံတွေ၊စားပွဲတွေကိုအားတက်သရောလုပ်ကိုင်ေ နကြတာကို တွေ့မြင်ခဲ့ရသဖြင့် ပိုပြီးဝမ်းသာမိသည်။ ဖိုးဝလုံး (စေတနာရှင်လူငယ်၊ ရန်ကုန်)

မေတ္တာအလင်း

အလင်းတရားပါ အမှောင်တွေအလယ်ညရဲ့ ဖယောင်းငယ်မှာ အလင်းမဲ့စွာ
မမြင်နိုင်တဲ့အခါ .......
လူဘ၀မှာ ဆင်ခြင်တုံတရားနဲ့ အလင်းကူပါ နှလုံးသားမှာ
စေတနာမေတ္တာ.......)

V1: ကိုယ်စီပိုင်ဆိုင်တဲ့ အလင်းများမှောင်နေတဲ့ကမ္ဘာ လူတွေရဲ့ကြား
ထွန်းလင်းပို့ဆောင် လမ်းပြအပူများကင်းရာ...

V2: ကြင်နာစွာစီးဆင်းစေတနာမေတ္တာ ခိုလှုံရာ အရိပ်မဲ့နေဘ၀များအကြား
နွေးထွေးစီးဝင် အရိပ်စစ်ဖြစ်စေပါ....

CHO:အမှောင်ကမ္ဘာမှာ လောဘဒေါသမီးများ အဆိပ်ငွေ့များနဲ့လေ
ခိုလှုံစရာ အရိပ်မဲ့တဲ့ဘ၀နဲ့ မငြိမ်းချမ်းတဲ့အပူမီးတွေ
ရန်စောင်ကြ အသွင်များ အတ္တတွေရဲ့ အကြား
ငြိမ်းချမ်းစေပါ အလင်းတန်းမေတ္တာတရား

V3: တို့.....မမြင်လိုပါ တစ်နေရာရာကြေကွဲတဲ့အသံများ
လူသားတို့ မှီခိုရာ ဒီကမ္ဘာကြီးအထက်မှာ ....

V4: တွေးတောဆင်ခြင်ဥာဏ် ပိုင်ဆိုင်ထားတဲ့အသိဥာဏ်များ
လူသားတို့အတ္တက အနိုင်ယူမလား( အနိုင်ယူနေဆဲလား)

CHO:
မီး...........တောက်လောင်ဆဲမီးတွေ .......

ငြိမ်း.........ငြိမ်းပါအဆိပ်ငွေ့တွေ...

Wednesday, July 18, 2012

စေတနာရှင်လူငယ်များ (မော်လမြိုင်)၏(၄၁)ကြိမ်မြောက် အလှူ

တစ်လ တစ်ကြိမ် ပုံမှန်ထောက်ပံ့လှူဒါန်းနေကြ ဖြစ်သည့် စေတနာရှင်လူငယ်များ (မော်လမြိုင်)(၄၁)ကြိမ်မြောက် အလှူကို မော်လမြိုင်မြို့တွင် ဇူလိုင် ၁၅ရက်က
ဇေယျာသီရိရပ်ကွက် ၀ိသေသာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ရွှေမြိုင်သီရိရပ်ကွက် ဓမ္မသုခ
ဘုန်းတော်ကြီးကျောင်းများသို့ ပညာရေးအကူညီများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
 ဇေယျာသီရိကျောင်းသို့စာသင်ခုံ(၁၀) စုံ၊ ကျောက်သင်ပုန်းကြီးသုံးချပ်၊ ဗလာစာအုပ်များ
စာရေးကရိယာများနှင့် ကျောင်းသားကျောင်းသူများကို ကြာဇံဟင်းခါးတို့ဖြစ်ဧည်ခံကျွေးမွေးခဲ့ပြီး ဓမ္မသုခ
ကျောင်းသို့ စာသင်ခုံ ၅ စုံကို ပေးပို့လှူဒါန်းခဲ့ပါသည်။
အခမ်းအနားတွင်မော်လမြိုင်စေတနာရှင်လူငယ် ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စရာ ဂိမ်းအစီစဉ်များပြုလုပ်ခဲ့ကြသည်။ လှူဒါန်းသော အလှူပစ္စည်းစုစုပေါင်းတန်းဖိုးမှာ ၁၄သိန်းကျော်ဖြစ်သည်။ လစဉ် ပုံမှန် ထုတ်ပြန်နေကြ အလှူစာရင်းရှင်းတမ်း မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။
စေတနာရှင်လူငယ်များ ကို 2008ခုနှစ် ဒီဇင်ဘာက မော်လမြိုင်တွင် စတင်စုစည်းခဲ့ကြပြီး ယခုအခါ ဘာအံစေတနာရှင်လူငယ်များ ၊ရန်ကုန်စေတနာရှင်လူငယ်များ လည်း စုစည်းနိုင်ခဲ့ကြသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်ရှိ ပညာရေးလိုအပ်ချက်များကို တတ်နိုင်သမျှ ကိုယ်ထူကိုယ်ထ ဖြင့် အလှူရှင်များလှူဒါန်းသော ငွေများကို စုစည်းပြီး ပညာရေးအတွက် အခြေခံလိုအပ်ချက်များကို သွားရောက်လေ့လာပြီး လစဉ် ထောက်ပံ့လှူဒါန်းကူညီလျှက်ရှိကြသည်။

မော်လမြိုင်စေတနာရှင်လူငယ်များ ကိုဆက်သွယ်နိုင်ရန်
လိပ်စာ -ကိုကျော်မျိုးဦး(ဒေးဗစ်)-09 4252 74735
ကိုဇော်ဦး- 09 4252 74 736
ဘားအံ စေတနာရှင်လူငယ်များ ကိုဆက်သွယ်နိုင်ရန်
ကိုကျော်နိုင်- 09 425010 125
ရန်ကုန်စေတနာရှင်လူငယ်များ ကိုဆက်သွယ်နိုင်ရန်
ကိုဖိုးဝလုံး -09 42 111 00 83
ကိုစန်းနိုင်- 09 44800 5410

စေတနာရှင်လူငယ်များ (မော်လမြိုင်)၏(၄၁)ကြိမ်မြောက် အလှူ

တစ်လ တစ်ကြိမ် ပုံမှန်ထောက်ပံ့လှူဒါန်းနေကြ ဖြစ်သည့် စေတနာရှင်လူငယ်များ (မော်လမြိုင်)(၄၁)ကြိမ်မြောက် အလှူကို မော်လမြိုင်မြို့တွင် ဇူလိုင် ဂရက်က
ဇေယျာသီရိရပ်ကွက် ၀ိသေသာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ရွှေမြိုင်သီရိရပ်ကွက် ဓမ္မသုခ
ဘုန်းတော်ကြီးကျောင်းများသို့ ပညာရေးအကူညီများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
 ဇေယျာသီရိကျောင်းသို့စာသင်ခုံ(၁၀) စုံ၊ ကျောက်သင်ပုန်းကြီးသုံးချပ်၊ ဗလာစာအုပ်များ
စာရေးကရိယာများနှင့် ကျောင်းသားကျောင်းသူများကို ကြာဇံဟင်းခါးတို့ဖြစ်ဧည်ခံကျွေးမွေးခဲ့ပြီး ဓမ္မသုခ
ကျောင်းသို့ စာသင်ခုံ ၅ စုံကို ပေးပို့လှူဒါန်းခဲ့ပါသည်။
အခမ်းအနားတွင်မော်လမြိုင်စေတနာရှင်လူငယ် ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စရာ ဂိမ်းအစီစဉ်များပြုလုပ်ခဲ့ကြသည်။ လှူဒါန်းသော အလှူပစ္စည်းစုစုပေါင်းတန်းဖိုးမှာ ၁၄သိန်းကျော်ဖြစ်သည်။ လစဉ် ပုံမှန် ထုတ်ပြန်နေကြ အလှူစာရင်းရှင်းတမ်း မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။
စေတနာရှင်လူငယ်များ ကို 2008ခုနှစ် ဒီဇင်ဘာက မော်လမြိုင်တွင် စတင်စုစည်းခဲ့ကြပြီး ယခုအခါ ဘာအံစေတနာရှင်လူငယ်များ ၊ရန်ကုန်စေတနာရှင်လူငယ်များ လည်း စုစည်းနိုင်ခဲ့ကြသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်ရှိ ပညာရေးလိုအပ်ချက်များကို တတ်နိုင်သမျှ ကိုယ်ထူကိုယ်ထ ဖြင့် အလှူရှင်များလှူဒါန်းသော ငွေများကို စုစည်းပြီး ပညာရေးအတွက် အခြေခံလိုအပ်ချက်များကို သွားရောက်လေ့လာပြီး လစဉ် ထောက်ပံ့လှူဒါန်းကူညီလျှက်ရှိကြသည်။
လိပ်စာ -ကိုကျော်မျိုးဦး(ဒေးဗစ်)-09 4252 74735
ကိုဇော်ဦး- 09 4252 74 736
ဘားအံ စေတနာရှင်လူငယ်များ ကိုဆက်သွယ်နိုင်ရန်
ကိုကျော်နိုင်- 09 425010 125
ရန်ကုန်စေတနာရှင်လူငယ်များ ကိုဆက်သွယ်နိုင်ရန်
ကိုဖိုးဝလုံး -09 42 111 00 83
ကိုစန်းနိုင်- 09 44800 5410

Tuesday, July 17, 2012

၄၁ကြိမ်မြောက်စေတနာရှင်လူငယ်များ(မော်လမြိုင်) အလှူမှတ်တမ်း

တစ်လတစ်ကြိမ်ပုံမှန် ပညာရေးအထောက်အပံ့များကို မော်လမြိုင်မှစေတနာရှင်လူငယ်များ၊ ဘားအံမှစေတနာရှင်လူငယ်များ၊ရန်ကုန်မှစေတနာရှင်လူငယ်များ အာတက်သရော ပါဝင်ဆောင်ရွက်လျှက်ရှိရာ မော်လမြိုင်စေတနာရှင်လူငယ်များက ဇူလိုင်8ရက်က (၄၁)ကြိမ်မြောက် အလှူကို မော်လမြိုင်မြို့ ဇောယျာသီရိရပ်ကွက် ၀ိသေသာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ရွှေမြိုင်သီရိရပ်ကွက် ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းများသို့လှူဒါန်းခဲ့ပါသည်၊ဓမ္မသုခ ကျောင်းသို့ စာသင်ခုံ ၅ စုံ၊ ဇေယျာသီရိကျောင်းသို့ စာသင်ခုံ(၁၀) စုံ၊ ကျောက်သင်ပုန်းကြီးသုံးချပ်၊ ဗလာစာအုပ်များ စာရေးကရိယာများလှူဒါန်းထောက်ပံ့ခဲ့ကြပြီး အခမ်းအနာသို့ရောက်၇ှိလာသော ကျောင်းသူကျောင်းသားများနှင့် ပရိတ်သတ်များကို ကြာဇံဟင်းခါးတို့ဖြင့်ဧည်ခံကျွေးမွေးခဲ့ပါသည်။ မော်လမြိုင်မြို့မှ ကိုခန့်ဖြိုးလွင်(စေတနာရှင်လူငယ်)ပေးပို့သည်။

သင်သဘောတူတူမတူတူ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကိုသူတို့ဆီအပ်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ လက်ရှိသူတို့အနေအထား ဘယ်လိုရှိနေသလဲဆိုသည့်အပေါ်မှာမူတည်တယ်။

လက်ရှိကျွန်တော်တို့ ရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်မယ့်သူတွေ ဘယ်လိုရှိပါသလဲ။
သူတို့လေးတွေ ဘာတွေဖြစ်နေကြသလဲ...?။
ရင်ဘတ်ထဲမှာလောင်တဲ့မီးတွေ
တောမီးတွေ
အခုထိဘာ့ကြောင့်မငြိမ်းသေးတာလဲ။
ကျွန်တော်တို့ဝိုင်းဝန်းငြိမ်းသတ်ကြပါစို့။
သူတို့နဲ့အတူ သီချင်းတွေဆိုမယ်
သူတို့နဲ့အတူ ရှိနေကြမယ်...အားပေးကြမယ်၊
လက်တွဲကြမယ်၊ကူညီကြမယ်။

သင်သဘောတူတူမတူ ကျွန်တော်တို့ရဲ့အနာဂတ်က သူတို့လက်ထဲမှာ

မေတ္တာစမ်းရေ

 တေးရေး-ငွေကြယ်ဖြူ တေးဆို- Lလွန်းဝါ၊ Nကိုင်ရာ 
 သဘာဝတရားအလှတွေကြား ရနံ့သင်းပျံ့ဝေ ရောင်စုံခြယ်ပန်းများ
သာဓကာကျေးငှက် အပေါင်းတို့သီဆိုပျော်မြူးကြကမ္ဘာ

အေးချမ်းတဲ့အရိပ်အသွင်များ မိုးသာက်အလင်းစချိန်မှာ
 နေညိုချိန်ဆို သာယာနေ အလှများဆည်းဆာ
 (ရွှေအိုရောင်များ)
လူသားတို့ကမ္ဘာကြား စိတ်နှလုံး အလှတွေဝေဆာဖို့ရာ ကိုယ်စီအပြုံးပန်းများနဲ့ ဖော်ဆောင်ကြည်နူးမှုကမ္ဘာ
 အချင်းချင်းမို့ချစ်ကြစေသား ဖေးမကူလက်တွဲကာ အဆုံးတော့ အေးချမ်းစေ ချစ်ခြင်းမေတ္တာ

ဆောင်ယူပါအရင်းခံမေတ္တာတရား ကမ္ဘာသည် နူးညံ့ဖြူစင်လာ
 ဖော်ရွေစွာအပြုံးပန်းလေးတွေနဲ့ ပန်ဆင်ထားပါ

ချစ်ခြင်းရဲ့ အသွားအပြန်သဘောက ကာရန်တဲ့တံတိုင်းများအရာမထင်ပါ
ရွင်ပြုံးလို့ရေးဖွဲ့သီကြ ချိုသာတေးများ

တို့အားလုံးတူညီ ခရီးလမ်း အမုန်းစတွေထားခဲ့ပါ
တသွင်သွင်စီဆင်းစမ်းရေပမာ ဖြူစင်မေတ္တာ

မိသားစုကမ္ဘာ

တေးရေး-ငွေကြယ်ဖြူ(စေတနာရှင်လူငယ်)          တေးဆို-ထက်နေကြည်၊ နေနေ

 အတူတူရှင်သန်ရာ ဒီလောကကြီးထဲမှာ ကမ္ဘာမြေကိုစိမ်းလန်းရေးသို့

လမ်းပြပို့ဆောင်ကြ။

 အာရုံချိန်ရွက်နုသစ်တို့ ဖူးပွင့်ဝေတဲ့အခါ ကြည်လင်စွာလန်းဆန်းရေးသို့

ယုယဖို့လိုတာ။ (ယုယကြစို့တိုကမ္ဘာ၊ ယုယကြစို့ ကလေးများ)

 ကျန်နေတဲ့လောကကြီးထဲ အရိပ်မဲ့နေတဲ့ကလေးများစွာ

 နာကျင်စွာ ခေါ်သံတွေကြားရ အိုအရှင်ရယ် သွေးသားမဟုတ်တော့

စွန်ပစ်ကာထားမလား။

စွန့်ပစ်ခဲ့ အတ္တမာနတရားတွေပါ
အရိပ်မဲ့တဲ့ ညိုးးနွမ်းသူငယ် ကလေးများစွာ
နေ့သစ်တို့ ဖေးမလက်တွဲလို့ကူပါ
ခိုင်မြဲစွာ လက်တွဲထား(ကမ္ဘာ သစ်ရဲ့ခြေလှမ်းများ)

CHO: ပျော်ရွင်စရာ မိသားစုကမ္ဘာ …….အတူတွဲလို့တည်ဆောက်ကြမှာ
တို့အားလုံးရှိသင့်ကြ ချစ်မေတ္တာကူညီပါအနာဂတ်တွက်ကမ္ဘာ (အနာဂတ်ရဲ့ရင်သွေးများစွာ)
နွေးထွေးစေပါ စိမ်းလန်းစေပါ……..တို့ရဲ့ကမ္ဘာ (ကလေးတို့ကမ္ဘာ)

Monday, July 16, 2012

ငါတို့စာသင်ကျောင်း

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

ကလေးများကပျော်ရွှင်နေပါသည် အချိန်မီ ချီလာကျောင်းဆီ
ပန်းကလေးများခူးဖို့ကြံလေပြီ

တစ်ချို့တစ်ချို့က ကျောင်းကိုသန့်ရှင်းကြမည်
ကျာင်းမှာဆော့ကစားဖို့ရည် အချိန်မီ ချီလာကြပြီ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ မပျင်းရိဖို့ရာ
ပျာ်ရွှင်စရာတွေရယ် ကူညီပါ....

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

သားတို့ကျောင်းမသွားမီ အတန်းစာဖတ်ကြသည်
သမီးတို့အတန်းမတက်မီ သင်ခန်းစာဖတ်ခဲ့သည်

 သင်ထားသမျှမှန်မှန်ဖြေဆိုမည် သင်ခန်းစာလွယ်ကူစေပါသည် သားတို့အတန်းစပြီခေါင်းလောင်ထိုးသံမြည်

သမီးတို့အတန်းတက်ပြီ ခေါင်းလောင်းထိုးနေပြီ
ဆိုကြမယ် A B C D E သင်ခန်းစာ A B C D E

သားတို့သမီးတို့ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်
မင်္ဂလာပါ ဆရာမ ညီညီညာညာနှုတ်ဆက်ကြ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ
မပျင်းရိဖို့ရာ ပျော်ရွှင်စရာတွေရယ် ကူညီပါ....

ABCDEFG HIJK LMNOP QRSTUV WX YZ အထိ

က ကလေးငယ်ချစ်စဖွယ် ခ ခရေကုံးမလေးပြုံး
ဂ ဂဏန်းသင်ပြုံးရွှင်ရွှင် င ငချိတ်ပေါင်းစားလို့ကောင်း

 တေးသီကြမည် အတွေးပန်ချီရေးမည် ပန်းတွေလည်းသီ ကလေးဘ၀မှာပျော်စရာ
အကောင်းဆုံးကျောင်းတော်ကြီး

အနာဂတ်ရဲ့ ကလေးများ သင်ယူခွင့်တွေ အပြည်အ၀ပေးကြပါ.... အနာဂတ်ရဲ့ကလေးငယ်များပျော်ရွှင်ခွင့်တွေပေးကြ

တေးရေးဆရာငွေကြယ်ဖြူက သူ့သီချင်းလေးတွေနဲ့အတူ အခုစာသင်ကျောင်းလေးတွေကို လိုက်ပြီးတော့ အလှူတွေပေးနေတယ်ဗျာ။ ကျနော်အရင်တစ်ခေါက် ဘလော့မှာ ဖော်ပြခဲ့ပါတယ်၊ ဒါပေမယ် play လို့မရဘူး ဒါ့ကြောင့် ထပ်ပြီးတော့ ဖော်ပြလိုက်ပါတယ်။ဘားအံက စေတနာရှင်လူငယ်အဖွဲ့ကို ဦးဆောင်နေတဲ့ ကိုကျော်နိုင်(ငွေကြယ်ဖြူ) ကရဲ့ သူကိုယ်တိုင် စေတနာရှင်လူငယ်တွေအတွက်ရေးဖွဲ့ထားတဲ့ အကြင်နာမီးအိမ်စီးရီးကို အပြည့်အစုံဖော်ပြသွားပါ့မယ်ဗျာ.... ဆက်လက်ပြီးတော့လည်း စေတနာရှင်လူငယ်တွေနဲ့အတူ သီချင်းတွေဆိုရင် အနာဂတ်ပညာရေးအတွက်အားပေးကြပါဦး။

Saturday, July 14, 2012

သူတို့ဟာ ကျွန်တော် တို့ရဲ့ အနာဂတ်ပါ

အနာဂတ်ရဲ့ကလေးငယ်များ သင်ယူခွင့်တွေပေးကြ

ကျောင်းလေ့လာရေးခရီး

မြောက်ဥက္ကလာပမြို့နယ်၊ သန္တရပ်ကွက်မှာရှိတဲ့ မာဃပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်ပါတယ်။ စေတနာရှင်လူငယ်များ၏ တတိယအကြိမ်မြောက် အလှူကို ဒီကျောင်းလေးမှာ အလှူလုပ်မှာဖြစ်ပါတယ်။ လိုအပ်ချက်ကတော့ ဆရာဆရာမလစာ၊ အိမ်သာပြုပြင်ပေးရန်၊ စာသင်ခုံများပြုပြင်ပေးရန်၊ ကလေးများ၏ တစ်ကိုယ်ရေးသန့်ရှင်းရေး လိုအပ်ချက်များ တွေ့ရှိရပါသည်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားကြည့်ခဲ့တာဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံမြို့သစ်က သီလရှင်ဆရာလေးများဦးစီးဖွင့်လှစ်တဲ့ ပြွန်တန်ဆာသီလရှင် စာသင်ကျောင်းကလေးဖြစ်ပါတယ်။ ကျောင်းကလေးမှာ စာသင်ဆောင် အခက်အခက်အခဲများရှိနေပါတယ်၊ မိုးရာသီဖြစ်တဲ့အတွက် မိုမလုံပါဘူး၊ စာသင်အခန်းက ကျဉ်းပြီးမှောင်နေပါတယ်၊ ကလေးတွေဟ တမံတလင်းပေါ်မှာပဲ ထိုင်နေ ကြရပါတယ်။ လိုအပ်ချက်အင်မတန်ကြီးမားတဲ့အတွက် စေတနာရှင်လူငယ်များ လောလောဆယ်ဖြည့်ဆည်းဖို့ အခက်အခဲရှိပါတယ်။ နောက်လတွေမှာ ဖြည့်ပေးနိုင်ဖို့အစီအစဉ်တွေရှိပါတယ်။ ကလေးတစ်ဦးချင်းလိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်

စေတနာရှင်လူငယ်များ(ရန်ကုန်)၏ ကျောင်းလေ့လာရေးမှတ်တမ်း

မြောက်ဥက္ကလာပမြို့နယ်၊ အာသာဝတီလမ်းမပေါ်မှာရှိတဲ့  ၀ိဇ္ဇာသိပ္ပံလူငယ်ဖွံဖြိုးရေးကျောင်းဖြစ်ပါတယ် ကျောင်းကို ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့တစ်ခုက ဆောက်လုပ်လှူဒါန်းထားပြီး ကျောင်းရဲ့အဓိက လိုအပ်ချက်က ဆရာဆရာမ လစာဖြစ်ပါတယ်။ စုစုပေါင်းဆရာဆရာမ ၈ဦးရှိပြီးကျောင်းသားဦးရေ ၃၂၀ ခန့်ရှိပါတယ်။ မြောက်ဥက္ကလာပမြို့နယ်၊ ဘုန်းကြီးလမ်း မိဂဒါဝုန်ဘကကျောင်းဖြစ်ပါတယ်၊ ကျောင်းကို ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့တစ်ခုက ဆောက်လုပ်လှူဒါန်းထားပြီး ကျောင်းရဲ့အဓိက လိုအပ်ချက်က ဆရာဆရာမ လစာဖြစ်ပါတယ်။ စုစုပေါင်းဆရာဆရာမ ၅ ဦးရှိပြီးကျောင်းသားဦးရေ ၂၅၀ ခန့်ရှိပါတယ်။

(၂၁)ကြိမ်မြောက်ဘားအံစေတနာရှင်လူငယ် များအလှူပွဲအခမ်းအနား

စာသင်ကျောင်း -      အ-မ-က (၁၉)၊ ရဲသာကျေးရွာ၊ ဘားအံမြို့နယ်။
နေ့ရက်          -   (၈၊၇၊၂၀၁၂)ရက်နေ့၊ တနင်္ဂနွေနေ့
အလှူပစည်း    - ကျောင်းစိမ်းဝတ်စုံ (၆၂)စုံ၊ ဗလာစာအုပ် (၁၆)ဒါဇင်၊
အချိုရည်နှင့်မုန့်များတိုက်ကြွေး
အခမ်းအနားတက်ရောက်ဦးရေ -  (၁၀၀)နီးပါး
အခမ်းအနားအချိန် - နံနက် (၁၀)နာရီမှ၊ (၁၁)နာရီအထိ

မှတ်ချက်။     ။ အထက်ပါအခမ်းအနားနေ့တွင် မော်လမြိုင်၊ ဘားအံ
(ယူစီအက်)တကသိုလ်ကျောင်းသူ၊
                    သားများလည်းပါဝင်ပြီး၊
ပျော်ရွင်စရာဂိမ်းအစီအစဉ်များ၊ အက်ရှင်ဆောင်းများသင်ကြား
                    ပြသခြင်းအစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။

Monday, July 9, 2012

(၂၁)ကြိမ်မြောက်စေတနာရှင်လူငယ်
များအလှူပွဲအခမ်းအနား

စာသင်ကျောင်း -      အ-မ-က (၁၉)၊ ရဲသာကျေးရွာ၊ ဘားအံမြို့နယ်။
နေ့ရက်          -   (၈၊၇၊၂၀၁၂)ရက်နေ့၊ တနင်္ဂနွေနေ့
အလှူပစည်း    - ကျောင်းစိမ်းဝတ်စုံ (၆၂)စုံ၊ ဗလာစာအုပ် (၁၆)ဒါဇင်၊
အချိုရည်နှင့်မုန့်များတိုက်ကြွေး
အခမ်းအနားတက်ရောက်ဦးရေ -  (၁၀၀)နီးပါး
အခမ်းအနားအချိန် - နံနက် (၁၀)နာရီမှ၊ (၁၁)နာရီအထိ

မှတ်ချက်။     ။ အထက်ပါအခမ်းအနားနေ့တွင် မော်လမြိုင်၊ ဘားအံ
(ယူစီအက်)တကသိုလ်ကျောင်းသူ၊
                    သားများလည်းပါဝင်ပြီး၊
ပျော်ရွင်စရာဂိမ်းအစီအစဉ်များ၊ အက်ရှင်ဆောင်းများသင်ကြား
                    ပြသခြင်းအစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။

Saturday, July 7, 2012

အိမ်အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။

အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့ဩ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။

အိမ်နောက်စိုက်ခင်း ၊ စာမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေ နေ ဝင်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြေင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။ ။

ဇော်ဂျီ
ညီသစ်ဆင်းကဗျာစု
၁၉၆၅
<div style="background:url(URL/Direct link OF the Image) no-repeat;">
text here
</div>

Post title

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

                       ဆရာဇော်ဂျီ

Tuesday, July 3, 2012

V1: ရဲရင့်ခြင်းရှိကြလော့ ... ၀ို..၀ိုး ...
အရာရာကိုရင်ဆိုင်တဲ့အခါ
မဖယ်ခွာ အစဉ်မေတ္တာ..အောင်မြင်ခြင်းပါ...

V2: လူသားတိုင်းငြိမ်းချမ်းရဖို့ .....၀ို..၀ိုး
မေတ္တာရဲ့ ခရီးမှာ
အသင့်ရဲ့အစွမ်းစက ....သည်းခံခြင်းတရား

CHO: ရင်ဆိုင်ပါအတ္တစစ်မက်တွေကြား.....အနိုင်ယူပါအသင့်ရဲ့မေတ္တတရား
အမှောင်တွေမှာကြီးစိုးပဋိပက္ခတရား.....လိုနေတာအဓိကမေတ္တာတရား
ပါဝင်လို့ဖော်ဆောင်ကာပေးပါ ...
အချစ်မေတ္တာ....နိုင်ငံတော်အရေးမှာ

V3: ဂုဏ်ယူဝင့်ကြွားပါ...မြင့်မြတ်တဲ့ဖြူစင်စိတ်ထားများ
ဒေါသမောဟတို့ အလျဉ်းမရှိတဲ့တရား.............ခရီးထွက်ခွာ
ဝို..၀ိုး

Monday, July 2, 2012

စေတနာရှင်လူငယ်များနှင့် ပရဟိတလူငယ်များအားလုံး ကို ဗေဒါလမ်း ကဗျာနဲ့ဂုဏ်ပြုလိုက်ပါတယ်။

 ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

                       ဆရာဇော်ဂျီ

ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များ

စေတနာရှင်လူငယ်များနှင့် ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များ အေးရွာလေးခရီးစဉ်ကို ဇွန် ၂၄ရက်ကသွားရောက်ခဲ့စဉ် မှတ်တမ်းဖြစ်ပါတယ်။

Sunday, July 1, 2012

ဥယျဉ်မှူး

တေးရေး-ငွေကြယ်ဖြူ              တေးဆို-ဇော်ပိုင်၊ချောစုခင်

ပန်းခင်းလေးတစ်ခင်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ် စိတ်မှာရည်စူးတယ်
ဒီလောက ကမ္ဘာကိုအလှဖွဲ့ရှင်သန်စေဖို့အတွက်....

ဖူးပွင့်ကြတဲ့ပန်းကလေးများလည်း အလှတွေသိပ်ထူးတယ်
ဥယျာဉ်မှူးရယ် ဘ၀အမောပြေပျောက်စေဖို့ရန် ပေးစွမ်းတယ်.....

သီးပင်များလည်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ်
စိတ်မှာရည်စူးတယ် ဆာလောင်မွတ်သိပ်သူတွေ စားသောက်ပျော်ရွှင်နိုင်ဖို့ အတွက်...

နွေမိုးနှောင်းဆောင်းဦး သီးပွင့်ကြလို့ အမျိုးအမည်စုံလှတယ်
ဥယျာဉ်မှူးရယ် ခိုကိုးမဲ့တဲ့ဘ၀များကို အကျိုးပြုတယ်....

pre cho: လောကကြီး အမြဲလှနေဖို့ရယ်... ပေးဆပ်ကြစို့ တို့တစ်တွေလည်း...
CHO: ပန်းခင်းတွေနဲ့ ဒို့ကမ္ဘာကြီး စိမ်းစိုဖို့ရယ်

ပန်းကလေးတွေနဲ့ ဒိုကမ္ဘာကြီး အလှဆင်ကြမယ်
ပျိုးဥယျာဉ်ထဲ ပေါကြွယ်တဲ့ အသီးနှံများရယ်

ဆာလောင်မွတ်သိပ်သူ အတွက် စားစေဖို့ ပြုပြင်ကြမယ်
လူသားတိုင်းရင်ထဲ တို့ စွမ်းသမျှတွေနဲ့ အစဉ်အမြဲ ပြုံးပျော်စေမယ်.....။

Thursday, June 28, 2012

စာသင်ကျောင်း

 တေးရေး-ကိုကျော်နိုင်(စေတနာရှင်လူငယ်) ဆို-ဖိုးကာ

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

ကလေးများကပျော်ရွှင်နေပါသည် အချိန်မီ ချီလာကျောင်းဆီ
ပန်းကလေးများခူးဖို့ကြံလေပြီ

တစ်ချို့တစ်ချို့က ကျောင်းကိုသန့်ရှင်းကြမည်
ကျာင်းမှာဆော့ကစားဖို့ရည် အချိန်မီ ချီလာကြပြီ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ မပျင်းရိဖို့ရာ
ပျာ်ရွှင်စရာတွေရယ် ကူညီပါ....

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

သားတို့ကျောင်းမသွားမီ အတန်းစာဖတ်ကြသည်
သမီးတို့အတန်းမတက်မီ သင်ခန်းစာဖတ်ခဲ့သည်

 သင်ထားသမျှမှန်မှန်ဖြေဆိုမည် သင်ခန်းစာလွယ်ကူစေပါသည် သားတို့အတန်းစပြီခေါင်းလောင်ထိုးသံမြည်

သမီးတို့အတန်းတက်ပြီ ခေါင်းလောင်းထိုးနေပြီ
ဆိုကြမယ် A B C D E သင်ခန်းစာ A B C D E

သားတို့သမီးတို့ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်
မင်္ဂလာပါ ဆရာမ ညီညီညာညာနှုတ်ဆက်ကြ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ
မပျင်းရိဖို့ရာ ပျော်ရွှင်စရာတွေရယ် ကူညီပါ....

ABCDEFG HIJK LMNOP QRSTUV WX YZ အထိ

က ကလေးငယ်ချစ်စဖွယ် ခ ခရေကုံးမလေးပြုံး
ဂ ဂဏန်းသင်ပြုံးရွှင်ရွှင် င ငချိတ်ပေါင်းစားလို့ကောင်း

 တေးသီကြမည် အတွေးပန်ချီရေးမည် ပန်းတွေလည်းသီ ကလေးဘ၀မှာပျော်စရာ
အကောင်းဆုံးကျောင်းတော်ကြီး

အနာဂတ်ရဲ့ ကလေးများ သင်ယူခွင့်တွေ အပြည်အ၀ပေးကြပါ.... အနာဂတ်ရဲ့ကလေးငယ်များပျော်ရွှင်ခွင့်တွေပေးကြ

Wednesday, June 27, 2012

တေးရေးဆရာ ငွေကြယ်ဖြူ

တေးရေးဆရာငွေကြယ်ဖြူ နဲ့ စေတနာရှင်လူငယ်တွေကို မိတ်ဆက်ပေးချင်တာကြောင့် ဒီစာကိုရေးဖြစ်ပါတယ်။
သူ့နာမည်အရင်းက ကိုကျော်နိုင်ဦးဖြစ်ပါတယ်။ သူနဲ့ကျွန်တော်က

မေတ္တာအလင်း

အလင်းတရားပါ အမှောင်တွေအလယ်ညရဲ့ ဖယောင်းငယ်မှာ အလင်းမဲ့စွာ
မမြင်နိုင်တဲ့အခါ .......
လူဘ၀မှာ ဆင်ခြင်တုံတရားနဲ့ အလင်းကူပါ နှလုံးသားမှာ
စေတနာမေတ္တာ.......)

V1: ကိုယ်စီပိုင်ဆိုင်တဲ့ အလင်းများမှောင်နေတဲ့ကမ္ဘာ လူတွေရဲ့ကြား
ထွန်းလင်းပို့ဆောင် လမ်းပြအပူများကင်းရာ...

V2: ကြင်နာစွာစီးဆင်းစေတနာမေတ္တာ ခိုလှုံရာ အရိပ်မဲ့နေဘ၀များအကြား
နွေးထွေးစီးဝင် အရိပ်စစ်ဖြစ်စေပါ....

CHO:အမှောင်ကမ္ဘာမှာ လောဘဒေါသမီးများ အဆိပ်ငွေ့များနဲ့လေ
ခိုလှုံစရာ အရိပ်မဲ့တဲ့ဘ၀နဲ့ မငြိမ်းချမ်းတဲ့အပူမီးတွေ
ရန်စောင်ကြ အသွင်များ အတ္တတွေရဲ့ အကြား
ငြိမ်းချမ်းစေပါ အလင်းတန်းမေတ္တာတရား

V3: တို့.....မမြင်လိုပါ တစ်နေရာရာကြေကွဲတဲ့အသံများ
လူသားတို့ မှီခိုရာ ဒီကမ္ဘာကြီးအထက်မှာ ....

V4: တွေးတောဆင်ခြင်ဥာဏ် ပိုင်ဆိုင်ထားတဲ့အသိဥာဏ်များ
လူသားတို့အတ္တက အနိုင်ယူမလား( အနိုင်ယူနေဆဲလား)

CHO:
မီး...........တောက်လောင်ဆဲမီးတွေ .......

ငြိမ်း.........ငြိမ်းပါအဆိပ်ငွေ့တွေ...

Tuesday, June 26, 2012

အလံဖြူစိုက်ထားတဲ့ရင်ဘတ်မှာ တောမီးတွေမငြိမ်းသေးဘူး

လေက သူ့ဟာသူတိုက်တာ
သစ်ပင်ကသူ့ဟာသူလှုပ်တာ
တောမီးဘာ့ကြောင့်လောင်တာလဲ
သားမသိဘူး မေမေ

အလံဖြူစိုက်ထားတဲ့ရင်ဘတ်မှာ
တောမီးတွေဘယ်တော့ ငြိမ်းမှာလဲ
သားမသိဘူး မေမေ

မေမေဘယ်မှာလဲ
ဖေဖေဘယ်သူလဲ
တဟုန်းဟုန်းတောက်နေတဲ့ မေးခွန်းတွေ
သားလက်ပမ်းကျနေပြီ မေမေ

သားလည်းမကြွေခင်သေးတော့
ဝေချင်သေးတာပေါ့မေမေရယ်
သားလေ..
ကျောက်ခဲလေးလို အေးမြချင်ပါတယ်
ဒါပေမယ့်....သားက
မီးတောင်ကပဲ့ထွက်လာတဲ့ကျောက်ခဲလေးပါ
အလိုလိုနေရင်း မီးခိုးအူနေတဲ့ ကောင်လေးပါ

သားလေ
စမ်းချောင်းလေးလို စီးဆင်းချင်ပါတယ်
ဒါပေမယ့် .. သားက
မီးတောင်က အံချလိုက်တဲ့ ချော်ရည်လေးပါ
အလိုလိုနေရင်း အငွေ့ပျံနေတဲ့ ကောင်လေးပါ

သားလည်း
ဗာဒံပင်လေးလို အရိပ်ဝေချင်တာပေါ့
ဒါပေမယ့်....
သားလည်း
စံပယ်ချုံလေးလို မွှေးမြချင်တာပေါ့
ဒါပေမယ့်...

သားလည်း
မိသားစုထမင်းဝိုင်းမှာ ဦးချချင်တာပေါ့
ဒါ ပေမယ့် ....

သားလည်း
တရေးနိုးတဲ့အခါ
သားခြေထောက် သေးသေးလေးကို
ဖေဖေ ခါးပေါ် ဖြတ်တင်ထားချင်တာပေါ့
ဒါပေမယ့်.....

သားမျ က်နှာလေးကို
မေမေ့ နို့အုံထဲ နှစ်ထားချင်တာပေါ့
ဒါပေမယ့်.....
သားလည်း
သမိုင်းတွေအော်ကျက်ချင်တာပေါ့
ဒါပေမယ့်....

သားလည်း
ကဗျာတွေ အော်ဆိုချင်တာပေါ့
ဒါပေမယ့်....

သားလည်း
မိုးရေတက်ရေ တဖွေးဖွေးဖြစ်ချင်တာပေါ့
ဒါပေမယ့်....

သားလည်း
ဟိုးရှေးရှေးတုန်းက......
ပုံပြင်နဲ့ အိပ်ရာဝင်ချင်တာပေါ့
ဒါ ပေမယ့်....

သားလည်း
မေမေလွှဲနေတဲ့ ပုခက်ထဲ
ကြယ်တွေ ဆီ ရွက်လွှင့်ချင်တာပေါ့
ဒါပေမယ့်.....

သား ဘာလုပ်မိလို့လဲ
သား ဘာမှားခဲ့လို့လည်း
သားမသိဘူး မေမေ

အလံဖြူစိုက်ထားတဲ့ရင်ဘတ်မှာ
တောမီးတွေက ဘယ်တော့ ငြိမ်းမှာလဲမေမေ..

အလံဖြူစိုက်ထားတဲ့ ရင်ဘတ်မှာ
အလံဖြူစိုက်ထားတဲ့ သားတို့ရင်ဘတ်မှာ
အလံဖြူစိုက်ထားတဲ့
ဟောဒီရင်ဘတ်ကလေးမှာ
တောမီးတွေ ဘယ်တော့ ငြိမ်းမလဲ မေမေ

တောမီးတွေ ဘယ်တော့ ငြိမ်းမလဲ မေမေ
တောမီးတွေက ဘယ်တော့ ငြိမ်းမှာလဲ
မေမေ......။

(ကိုရွေး)
ရနံ့သစ် အမှတ်(၁၅) ၊ ၂၀၁၀ မှာ ဆရာညီမင်းညိုရဲ့ခံစားမှုနှင့် ထပ်တူ စေတနာရှင်လူငယ်များ အားလုံးခံစားမိပါသည်။ ကလေးများရဲ့ အနာဂတ်ကို သာယာလှပစေလိုကြပါသည်။
တောမီးတွေကို ကျနော်တို့ အပြီးတိုင်ငြိမ်းသတ်ကြပါစို့......။

Monday, June 25, 2012

အေးရွာလေးကျောင်းကလေးဆီသို့

ဇွန်လ ၂၄ရက် တနင်္ဂဂနွေနေ့က ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်အတူ စေတနာရှင်လူငယ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။ အဖွဲ့ပေါင်း ၁၀ဖွဲ့မှ ကောက်ခံရရှိငွေ ၅၈သိန်း ၄သောင်း ၁ ထောင်ကျပ်တိတိကို အေးရွာလေးကျေးရွာ အောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးတေဇိန္ဒကို ကျောင်းအသစ်တည်ဆောက်ရန်အတွက် လှူဒါန်းခဲ့ကြသည်။ အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင် ရန်ကုန်အခြေစိုက် ပရဟိတ အဖွဲဝင် စုစုပေါင်း ၁၀၀ကျော် ပါဝင်ခဲ့ကြသည်။ ကလေးငယ်များအတွက် အားကစား၊ ညဏ်စမ်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို မြန်မာပုံပြောသူများအဖွဲ့(Myanmar Story Tellers), White Sharing, မြေဖြူခဲလေးများ အဖွဲ့တို့က ဦးဆောင်ပြီးပြုလုပ်ခဲ့ကြသည်။