Monday, June 25, 2012

အေးရွာလေးကျောင်းကလေးဆီသို့


ဇွန်လ ၂၄ရက် တနင်္ဂဂနွေနေ့က ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များနှင့်အတူ စေတနာရှင်လူငယ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။ အဖွဲ့ပေါင်း ၁၀ဖွဲ့မှ ကောက်ခံရရှိငွေ ၅၈သိန်း ၄သောင်း ၁ ထောင်ကျပ်တိတိကို အေးရွာလေးကျေးရွာ အောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးတေဇိန္ဒကို ကျောင်းအသစ်တည်ဆောက်ရန်အတွက် လှူဒါန်းခဲ့ကြသည်။ အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင် ရန်ကုန်အခြေစိုက် ပရဟိတ အဖွဲဝင် စုစုပေါင်း ၁၀၀ကျော် ပါဝင်ခဲ့ကြသည်။ ကလေးငယ်များအတွက် အားကစား၊ ညဏ်စမ်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို မြန်မာပုံပြောသူများအဖွဲ့(Myanmar Story Tellers), White Sharing, မြေဖြူခဲလေးများ အဖွဲ့တို့က ဦးဆောင်ပြီးပြုလုပ်ခဲ့ကြသည်။

No comments: