တေးရေး-ငွေကြယ်ဖြူ တေးဆို-ဇော်ပိုင်၊ချောစုခင်
ပန်းခင်းလေးတစ်ခင်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ် စိတ်မှာရည်စူးတယ်
ဒီလောက ကမ္ဘာကိုအလှဖွဲ့ရှင်သန်စေဖို့အတွက်....
ပန်းခင်းလေးတစ်ခင်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ် စိတ်မှာရည်စူးတယ်
ဒီလောက ကမ္ဘာကိုအလှဖွဲ့ရှင်သန်စေဖို့အတွက်....
ဖူးပွင့်ကြတဲ့ပန်းကလေးများလည်း အလှတွေသိပ်ထူးတယ်
ဥယျာဉ်မှူးရယ် ဘ၀အမောပြေပျောက်စေဖို့ရန် ပေးစွမ်းတယ်.....
သီးပင်များလည်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ်
စိတ်မှာရည်စူးတယ် ဆာလောင်မွတ်သိပ်သူတွေ စားသောက်ပျော်ရွှင်နိုင်ဖို့ အတွက်...
နွေမိုးနှောင်းဆောင်းဦး သီးပွင့်ကြလို့ အမျိုးအမည်စုံလှတယ်
ဥယျာဉ်မှူးရယ် ခိုကိုးမဲ့တဲ့ဘ၀များကို အကျိုးပြုတယ်....
pre cho: လောကကြီး အမြဲလှနေဖို့ရယ်... ပေးဆပ်ကြစို့ တို့တစ်တွေလည်း...
CHO: ပန်းခင်းတွေနဲ့ ဒို့ကမ္ဘာကြီး စိမ်းစိုဖို့ရယ်
ပန်းကလေးတွေနဲ့ ဒိုကမ္ဘာကြီး အလှဆင်ကြမယ်
ပျိုးဥယျာဉ်ထဲ ပေါကြွယ်တဲ့ အသီးနှံများရယ်
ဆာလောင်မွတ်သိပ်သူ အတွက် စားစေဖို့ ပြုပြင်ကြမယ်
ဆာလောင်မွတ်သိပ်သူ အတွက် စားစေဖို့ ပြုပြင်ကြမယ်
လူသားတိုင်းရင်ထဲ တို့ စွမ်းသမျှတွေနဲ့ အစဉ်အမြဲ ပြုံးပျော်စေမယ်.....။
No comments:
Post a Comment