Tuesday, August 28, 2012

စေတနာရှင်လူငယ်များ(ရန်ကုန်) ၏ ၄ကြိမ်မြောက်အလှူမှတ်တမ်း


သြဂုတ်25ရက် စနေနေ့က တော်ဝင်စင်တာ၊ ပထမထပ် ပရိုမိုးရှင်းဧရိယာမှာပြုလုပ်ခဲ့သည့် ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များ ၏နိဗ္ဗာန်ဈေးပွဲတော်တွင် လူငယ်အဖွဲ့ ၁၇ဖွဲ့ပါဝင်ပြီး စေတနာရှင်လူငယ်များလည်းပူးပေါင်းပါဝင်ခဲ့ကြသည်။ အဆိုပါပွဲမှာ မော်လမြိုင်၊ဘားအံမှာရှိတဲ့စေတနာရှင်လူငယ်တွေလည်း လာရောက်ပြီး အားဖြည့်ပေးခဲ့ကြသည်။ စေတနာရှင်လူငယ်များ၏ လာမယ့် ၅ကြိမ်မြောက်အလှူကိုလည်း ပုံမှန်အတိုင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ရန်ပုံငွေပွဲတော်တွင် စေတနာရှင်လူငယ်များက ရွှေခြည်မုန့် များကို စေတနာဖြင့်ကျွေးမွေးခဲ့ပြီး ရန်ပုံငွေအတွက် ဟမ်းဖုန်းအိတ်လှလှကလေးများ၊ အရုပ်လှလှလေးများကိုရောင်းချပြီးရန်ပုံငွေရှာဖွေခဲ့ကြသည်။ ရန်ပုံငွေအလှူခံပုံးထဲတွင် အလှူငွေ တစ်သိန်းကျော်ရရှိခဲ့သည်။ စေတနာရှင်လူငယ်များ၏ ၄ကြိမ်မြောက်အလှူကို ကချင်နှင့်ရခိုင်ရှိ ကလေးငယ်များပညာရေးရန်ပုံငွေအတွက် ရည်ရွယ်ပြီးတော့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

No comments: