Monday, July 16, 2012

ငါတို့စာသင်ကျောင်း

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

ကလေးများကပျော်ရွှင်နေပါသည် အချိန်မီ ချီလာကျောင်းဆီ
ပန်းကလေးများခူးဖို့ကြံလေပြီ

တစ်ချို့တစ်ချို့က ကျောင်းကိုသန့်ရှင်းကြမည်
ကျာင်းမှာဆော့ကစားဖို့ရည် အချိန်မီ ချီလာကြပြီ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ မပျင်းရိဖို့ရာ
ပျာ်ရွှင်စရာတွေရယ် ကူညီပါ....

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
သားတို့သမီးတို့ စာသင်ကျောင်း

သားတို့ကျောင်းမသွားမီ အတန်းစာဖတ်ကြသည်
သမီးတို့အတန်းမတက်မီ သင်ခန်းစာဖတ်ခဲ့သည်

 သင်ထားသမျှမှန်မှန်ဖြေဆိုမည် သင်ခန်းစာလွယ်ကူစေပါသည် သားတို့အတန်းစပြီခေါင်းလောင်ထိုးသံမြည်

သမီးတို့အတန်းတက်ပြီ ခေါင်းလောင်းထိုးနေပြီ
ဆိုကြမယ် A B C D E သင်ခန်းစာ A B C D E

သားတို့သမီးတို့ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်
မင်္ဂလာပါ ဆရာမ ညီညီညာညာနှုတ်ဆက်ကြ

အနာဂတ်ရဲ့ကလေးငယ်များလောကတွက် အမွှေးဆုံးသောပန်းများ
မငြိုးနွမ်းရဖို့ ဂရုပြုစောင့်ရှောက်ပါ ငယ်စဉ်အခါသင်ယူချိန်မှာ
မပျင်းရိဖို့ရာ ပျော်ရွှင်စရာတွေရယ် ကူညီပါ....

ABCDEFG HIJK LMNOP QRSTUV WX YZ အထိ

က ကလေးငယ်ချစ်စဖွယ် ခ ခရေကုံးမလေးပြုံး
ဂ ဂဏန်းသင်ပြုံးရွှင်ရွှင် င ငချိတ်ပေါင်းစားလို့ကောင်း

 တေးသီကြမည် အတွေးပန်ချီရေးမည် ပန်းတွေလည်းသီ ကလေးဘ၀မှာပျော်စရာ
အကောင်းဆုံးကျောင်းတော်ကြီး

အနာဂတ်ရဲ့ ကလေးများ သင်ယူခွင့်တွေ အပြည်အ၀ပေးကြပါ.... အနာဂတ်ရဲ့ကလေးငယ်များပျော်ရွှင်ခွင့်တွေပေးကြ


တေးရေးဆရာငွေကြယ်ဖြူက သူ့သီချင်းလေးတွေနဲ့အတူ အခုစာသင်ကျောင်းလေးတွေကို လိုက်ပြီးတော့ အလှူတွေပေးနေတယ်ဗျာ။ ကျနော်အရင်တစ်ခေါက် ဘလော့မှာ ဖော်ပြခဲ့ပါတယ်၊ ဒါပေမယ် play လို့မရဘူး ဒါ့ကြောင့် ထပ်ပြီးတော့ ဖော်ပြလိုက်ပါတယ်။ဘားအံက စေတနာရှင်လူငယ်အဖွဲ့ကို ဦးဆောင်နေတဲ့ ကိုကျော်နိုင်(ငွေကြယ်ဖြူ) ကရဲ့ သူကိုယ်တိုင် စေတနာရှင်လူငယ်တွေအတွက်ရေးဖွဲ့ထားတဲ့ အကြင်နာမီးအိမ်စီးရီးကို အပြည့်အစုံဖော်ပြသွားပါ့မယ်ဗျာ.... ဆက်လက်ပြီးတော့လည်း စေတနာရှင်လူငယ်တွေနဲ့အတူ သီချင်းတွေဆိုရင် အနာဂတ်ပညာရေးအတွက်အားပေးကြပါဦး။

No comments: